Saturday, May 1, 2010

ချစ်ခွင့်ပန်

ရူးပြီကွယ်
အကြည့်လေးတတစ်ချက်နဲ့
ဒီလောက်တောင် ရင်ခုန်မိတဲ့ငါ
တော်တော်ဆိုးတာဘဲ...

ကောင်မလေးရယ်
ကျောင်းဖွင့်နေ့တိုင်း
နင်တို့စာသင်နေတဲ့အခန်း
ခပ်လှမ်းလှမ်းလေးကနေ
နင့်ကို လာလာချောင်းကြည့်နေတာ
ငါပါဘဲ...

မနက်တုန်းကတော့
ကျောင်းက ကင်တင်းမှာ နင်ထိုင်နေတုန်း
ရုတ်တရက် ငါက သကြားလုံးလေးပေးတော့
နင့်မျက်လုံးပြုးပြူးဝိုင်းဝိုင်းနဲ့
ငါ့ကို မော့ကြည့်တာ
ငါ့မှာ ရင်တွေတုန်လို့....

နင့်ကိုငါချစ်တယ်....။


ဂျွန်မိုး

ကျေးဇူးတင်တယ်

ကမ္ဘာကြီးက သူကိုယ်တိုင်လည်နေတယ်
အချိန်တွေ၊ နေ့တွေ ၊ လတွေ ၊ ရက်တွေဟာ အချက်ကျကျ လှုတ်ရှားသက်ဝင်နေခဲ့တယ်
ကံကျမ္မာရယ်..
ကိုယ် .. မမြင်နိုင်တဲ့ အခြားတဖက်မှာ ချစ်သူရှိနေတယ်


သစ်ရွက်တွေ ပင်ယံထက်က ကြွေကျနေတယ်..
မော့ကြည့်လိုက်ရင် အပေါ်မှာ သူ့ရဲ့ ညှာတံလေးတွေကိုယ်စီ ရှိနေရမယ်....

သစ်ပင်အိုကြီးရယ်
သူ့ကို ကမ္ဘာမြေကြီးက တွဲလဲ ချိပ်ထားပေးမယ်

ငါးလေးတွေရယ်
ရေမှာကူးတယ်

တစုံတရာဟာ
ကြယ်တွေ ကြွေအောင် ပြုလုပ်ပေးနေတယ်

ချစ်သူ
သူရှိရင် လဲ ရှိမယ်..
သူ မရှိသည် လည်း ရှိရင် ရှိမယ်...
တစုံတရာ ကတော့
သေသေချာချာ ရှိနေခဲ့တယ်...

တစုံတရာကို

ကျေးဇူးတင်ပါတယ်......

ဂျွန်မိုး(ဆေးတက္ကသိုလ်)

မိခင် ရင်သွေး ကျန်းမာရေး

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးကို ယနေ့မှာ အထူးအလေးထားပြီး ဆောင်ရွက်လာပါတယ်။
ယောကျာင်္းဖောင်စီး မိန်းမမီးနေ ဆိုတဲ့ စကားလိုဘဲ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်ဟာ အလွန်အရေးကြီးပါတယ်။

မိခင်သေနှုန်းနဲ့ ကလေးသေနှုန်း ပပျောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လာတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံကွတ်ကဲမှုအောက်မှာ ကိုဝန်ဆောင်မိခင်နဲ့ ကလေးတွေနဲ့ မကင်းတဲ့လူတိုင်း သိနားလည်ထားရမယ့်အချက်တွေကို
ဒီနေရာကနေ ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်မွေးမိခင်နှင့် ကလေး ငယ် အသက်အန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာ သန်စွမ်းရန် ဆောင်ရွက်ရမည့်အချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ကိုယ်ဝန်ဆောင်ချိန်စောင့်ရှောက်ပါ။

+ ကျန်းမာရေးဝန်ထမ်းနှင့်ပြ၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး (၄) ကြိမ် ခံယူပါ။
+ မေးခိုင်ကာကွယ်ဆေး ( ၂) ကြိမ်ထိုးပါ။
+ သံဓါတ် အားဆေးပြားကို မနက်တစ်လုံး ၊ ညတစ်လုံး သုံးလထက်မနည်း သောက်ပါ။
+ အဟာရပြည့်ဝစွာ စားပါ။ အနားယူပါ။
+ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်နှင့် ပင်ပမ်းခြင်းကို ရှောင်ကြဉ်ပါ။
+ ကျန်းမာရေး ၀န်ထမ်းများ၏ ညွန်ကြားချက်ကို လိုက်နာပါ။


( ၂) ကျွမ်းကျင်သူနှင့်မွေးဖွားပါ။


+ တစ်ခါသုံး သားဖွားပစ္စည်း အိပ်ကို အသုံးပြုပါ။
+ မွေးဖွားသည့် နေရာ ၊ မွေးဖွားစဉ် အသုံးပြုမည့် အသုံးအဆောင်များ သန့်ရှင်းအောင် ကြိုတင်ပြင်ဆင်ထားပါ။
+ ဆရာဝန် (သို့) သူနာပြုဆရာမ (သို့) အမျိုါ်သမီး ကျန်းမာရေး ဆရာမ (သို့) သားဖွားဆရာမ
စသည့် ကျွမ်းကျင်သူများနှင့် မွေးဖွားပါ။
+ ဖြစ်နိုင်ပါက ဆေးရုံ ၊ ဆေးခန်းများတွင် မွေးဖွားပါ။


ကိုယ်ဝန်ဆောင် မိခင်တွင် ဖြစ်တတ်သော အန္တရာယ် လက္ခဏာများ


# အောက်ပါ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက နေ့/ည မစောင့်ဆိုင်းဘဲ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားပြပါ။


+ မိန်းမကိုယ်မှ သွေဆင်းခြင်း၊
+ တက်ခြင်း၊ သတိလစ်ခြင်း၊
+ ခေါင်း ပြင်းထန်စွာ ကိုက်ခြင်း၊
+ ဖျားပြီး အိပ်ယာမှ မထနိုင်လောက်အောင် အားနည်းခြင်း၊
+ ၀မ်းဗိုက် အလွန်အမင်း နာကျင်ခြင်း၊
+ အသက်ရှုမြန်ခြင်း၊ အသက်ရှူခက်ခဲခြင်း။


#အောက်ပါ လက္ခဏာများရှိပါကလည်း ကျန်းမာရေးဌာန၊ ဆေးရုံ /ဆေးခန်းများသို့ တတ်နိုင်သမျှ အန်ြဆုံး သွားပြပါ။


+ မျက်နှာ၊ လက်နှင့် ခြေများ ဖောရောင်လျှင် /ဆီးသွားနည်းလျှင်
+ ဖျားလျှင်
+ ဗိုက်နာလျှင်
+ နေမကောင်းဖြစ်လျှင်
+ ရေမြွှာပေါက်ပြီး ( ၆) နာရီ ကြာသည်အထိ ဗိုက်မနာလျှင်


# မွေးဖွားရန် ဗိုက်နာခြင်း၏ လက္ခဏာများ

အောက်ပါ လက္ခဏာများသည် မွေးဖွားရန် ဗိုက်နာခြင်း၏ ရှေ့ပြေး လက္ခဏာများဖြစ်သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သွားပါ(သို့မဟုတ်) သားဖွားဆရာမ ကို ခေါ်ပါ။

+ ခေါင်းချွဲဆင်းလျှင်
+ (၂၀) မိနစ်တစ်ခါ ၊ (သို့မဟုတ်) (၂၀) မိနစ်အောက် တစ်ခါ တိုင်း ဗိုက်နာလျှင်
+ ရေမွှာပေါက်လျှင်


#ကျန်းမာသော မိခင်နှင့် ကလေးများ ဖြစ်စေရန်အတွက် ကျန်းမာရေးနှင့် နှင့်ညီညွတ်သည့် အောက်ပါ အလေ့အကျင့်ကောင်းများကို ကျင့်ကြံလိုက်နာဆောင်ရွက်ပါ။


+ ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး အန္တရာယ် လက္ခဏာများကို ကိုယ်ဝန်ဆောင်မိခင် ၊ မိသားစု၊ ဆွေမျိုးနှင့် ရပ်ကွက်လူကြီးများ ကြိုတင် သိရှိထားခြင်းဖြင့် လိုအပ်သော အရေးပေါ်ကုသမှု အချိန်မီ ရရှိနိုင်ရန်
စီစဉ်ထားပါ။
+ ရာသီကျော်၍ ကိုယ်ဝန်ရှိသည် ဟု သံသယ ရှိလျှင် သားဖွားဆရာမနှင့် ကိုယ်ဝန်အပ်ပါ။
+ ကျန်းမာရေး ဌာနမှ ညွန်ကြားထားသော ဆေးဝါးမှ အပ အခြားသော ဆေးများ မသောက်ပါနှင့်။
+ ကိုယ်ဝန်ကို မှနှ်မှန်ပြပါ။ သတ်မှတ်ထားသည့်အတိုင်း အနည်းဆုံး (၄) ကြိမ်ပြပါ။
ဆေးလိပ် ၊ အရက် မသောက်ပါနှင့်။ ဆေးလိပ်ငွေ့ ၊ မီးခိုးငွေ့ အစရှိသည့် ညစ်ညမ်းသော လေထု ၀န်းကျင်မှ ရှောင်ရှားပါ။
+မေးခိုင်ကာကွယ်ဆေး အချိန်မှန် ၊ အကြိမ်ပြည့် ထိုးပါ။
+ နေ့စဉ် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့် လုပ်ပါ။ နေ့လည်ပိုင်းတွင် ( ၂) နာရီခန့်
အနားယူပါ။ ညဘက်တွင် အိပ်ရေးဝအောင် အိပ်ပါ။ အိမ်မှုကိစ္စများကို လျော့ပေါ့ ပြုလုပ်ပါ။
+ ကြမ်းတမ်းသော အလုပ်၊ အလေးအပင်မသော အလုပ် မပြုလုပ်ပါနှင့်။
+ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက်ပါ။
+ မိခင်နှင့် ကလေး ခြင်ထောင်နှင့် အိပ်ပါ။
+ သံဓါတ် ဖောလိတ်အားဆေး မှန်မှန်သောက်ပါ။
+ အဟာရမျှတစွာ စားသုံးရန်မှာ
+ ကိုယ်ဝန်ဆောင်စဉ် ပိုစားပါ။
+ ဟင်းသီးဟင်းရွက် ၊ အသား၊ ငါး၊ ပဲ ၊ နို့ များများ စားသောက်ပါ။
+ မိခင်နို့ချို တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမျာကို သိရှိနားလည်၍ စနစ်တကျပြင်ဆင်ထားရှိပါ။
+ နို့တိုက်ပြီးလျှင် ကလေးကို ဗိုက်နာပြီး မငိုစေရန် လေထုတ်ပေးပါ။
+ ကလေး အသက် (၆) လအထိ မိခင်နို့ တစ်မျိုါ်တည်း တိုက်ကျွေးပါ။ (၆)လေ ကျာ်ပါက ဖြည့်စွက်စာ ကျွေးပါ။
+ သားဆက်ခြားနည်းလမ်းများ စနစ်တကျ သုံးစွဲခြင်းဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရှိခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်း
မှ ရှောင်ကြဉ် ကြိုတင်ကာကွယ်ပါ။


#ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် အောက်ပါအတိုင်း မဖြစ်မနေ ပြသရပါမည်။

ပထမ အကြိမ် ပထမ ( ၄) လအတွင်း စောနိုင်သမျှ စောစော
ဒုတိယ အကြိမ် ကိုယ်ဝန် (၆)လ မှ (၇) လ အတွင်း
တတိယ အကြိမ် ကိုယ်ဝန် (၈)လ တွင်
စတုတ္ထ အကြိမ် ကိုယ်ဝန် (၉)လ တွင်



# မိခင်( သို့) ကလေးသည် အောက်ဖော်ပြပါ လက္ခဏာများရှိပါက ကျန်းမာရေးဌာနသို့ နေ့ခြင်း (သို့) ညချင်း(ချက်ခြင်း)သွားပြပါ။ မစောင့်ဆိုင်းပါနှင့်။


မိခင်

+ ရေမွှာပေါက်ပြီး (၆)နာရီကြာသည့်တိုင်အောင်
ဗိုက်မနာလျှင်
+ ဗိုက်နာခြင်းသည် (၁၂)နာရီကျော်အောင်
ဆက်တိုက်နာလျှင်
+ မွေးပြီး သွေးဆင်များလျှင်
( ၅) မိနစ်အတွင်း အောက်ခွ ပစ္စည်း၊ အ၀တ်တွင် + သွေးထွက်လျှင်
သွေးများ ရွှဲနစ်နေလျှင်)
+ သွေး ဆင်းများလာလျှင်
+ ကလေးထွက်ပြီး (၁) နာရီကြာသည်အထိ
အချင်းမကျလျှင်

ကလေး

+ အလွန်သေးလျှင်
+ အသက်ရှူခက်လျှင်
+ တက်လျှင်
+ အဖျားရှိလျှင်
+ အေးစက်နေလျှင်
+ နို့မစို့နိုင်လျှင်





#မွေးဖွားပြီး

မီးတွင်းချိန်တွင် အောက်ပါလက္ခဏာ တစ်ခုခု ရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်း ( နေ့/ည ) မစောင့်ဆိုင်းဘဲ သွားရောက်ပြသရန်


+ သားမြတ် ( သို့) နို့သီးခေါင်း ရောင်ခြင်း ၊နီခြင်းနှင့် ၊ ထိလျှင်နားခြင်း
+ ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးထွက်ကျခြင်း
+ မိန်းမကိုယ်နောက်ပိုင်း ပို၍နာကျင်လာခြင်းနှင့် ပိုးဝင်ခြင်း၊
+ မိန်းမကိုယ်မှ အနံ့ရှိသော အရည်များဆင်းခြင်း။


#မွေးကင်းစကလေးတွင် အောက်ပါလက္ခဏာ ရှိပါက ကျန်းမာရေးဌာနသို့ ပြသပါ။


+ အသက်ရှူမြန်ခြင်း ၊ နှေးခြင်း၊ လည်ချောင်း တစ်ဆို့သံ ကြားခြင်း။
+ ပြင်းထန်သော ရင်ဘတ်ချိုင့်ဝင်ခြင်း၊
+ မျက်စိရောင်၍ ပြည်ထွက်ခြင်း၊
+ အသားဝါခြင်း
( ပထမတရက်တွင် မျက်နှာ ၊တရက်ကျော်လျှင် ခြေဖုဝါး၊လက်ဖ၀ါး)
+ ချက်ငုတ်တို ( သို့) ဖြတ်ထားသည့်နေရာမှ သွေးထွက်ခြင်း။
+ ချက်မှ ပြည်ထွက်ခြင်း / ချက် ပတ်လည် အရေပြားနီရဲခြင်း။
+ ဖျားခြင်း။
+ နွေးအောင်ပြုလုပ်ပေးသော်လည်း ပြန်နွေးမလာဘဲ အေးနေခြင်း၊
+ အရေပြားပြည်ဖု ( ၁၀)ခုထက် ပိုများခြင်း (သို့)
ပြည်ဖုကြီးများရှိခြင်း (သို့)
အရေပြားရောင်ခြင်း ၊ နီခြင်း၊ မာခြင်း။
+ ဖြူဖျော့ခြင်း။



#မိမိနေအိမ်တွင် မွေးဖွားသူများ အတွက် မွေးဖွားရာတွင် လိုအပ်မည့် သန့်စင်ခြင်း ( ၆)မျိုး

၁။ သန့်စင်သော မျက်နှာပြင်

( ကိုယ်ဝန်ဆောင် မိခင် မွေးဖွားမည့်နေရာ ဥပမာ ခုတင် ၊ ကြမ်းပြင် စသည်)

၂။ မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များ

၃။ ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓါး၊ ကတ်ကြေး၊( ပိုးသတ်ပြီးသား)

၎။ သန့်စင်သော ၊ ပိုးမွှားကင်းစင်ပြီး ၊ ချက်ကြိုးချည်သည့်ကြိုး။ ( ပိုးသတ်ပြီးသား)

၅။ ကလေးငယ်အား ထုတ်ပိုးရန် သန့်စင်သော အနှီးပိတ်။

၆။ မိခင်အတွက် သန့်စင်သော အ၀တ်အစားများ။

အာရောဂျံ ပရမံ လာဘံ
မင်းမဟော်.

ခရုသည် ရေတွင်းပေါ်သို့ရောက်ရန် မည်မျှကြာမည်နည်း။

ခရုတစ်ကောင်သည် အတောင် ၃၀ နက်သော ရေတွင်းထဲ သို့ ကျသွား၏။ ခရုသည် ရေတွင်းပေါ်သို့ရောက်လိုဇောဖြင့်
ကြိုးစားတတ်ရာ တနေ့လုံးပေါက်တတ်ပါမှ နှစ်တောင်တတ်လို့ရ၏။ ညသို့ကူးလျှင် ပင်ပမ်းလွန်းသဖြင့် ခရုသည် အောက်သို့ တစ်တောင် ပြန်လျောကျ၏။ ဤ နည်းအတိုင်း မှန်မှန် ကျိုးစားတတ်သွားလျှင် ခရုသည် ရေတွင်းပေါ်သို့ရောက်ရန် အချိန်မည်မျှကြာမည်နည်း။

တဖန် ပဋိသန္ဓေ နေမှုကို သိနိုင်ပါသလော

'' ဘန္ဒေ နာဂသေန ၊ ပဋိသန္ဓေ နေရမည်မဟုတ်သောသူသည် မိမိ၏ ပဋိသန္ဓေနေရတော့မည်
မဟုတ်ကြောင်း သိပါသလော ''

'' သိပါ၏ မဟာရာဇ ''

'' ဘယ်သို့သိပါသနည်း ဘန္ဒေ ''

'' မဟာရာဇ ပဋိသန္ဓေ နေခြင်းအကြောင်း အထောက်အပံ့ ၊ မရှိသော ကြောင့်
မိမိပဋိသန္ဓေ နေရတော့မည် မဟုတ်ကြောင်း သိပါ၏ ''

'' ဥပမာပြတော်မူပါ ဘန္ဒေ ''

'' မဟာရာဇ လယ်သမားသည် ထွန်ယက်စိုက်ပျိုး၍ သူ၏စပါးကျီကိုပြည့်စေ၏၊ ၊ သူသည်
အခါတစ်ပါးတွင် ထွန်ယက်စိုက်ပျိုးခြင်း
မပြုတော့ချေ ၊ စပါးကျီတွင်ရှိသော စပါးတို့ကို စား၍ဖြစ်စေ ၊ ပေးကမ်း၍ ဖြစ်စေ
ပြုလုပ်၏ ၊ မဟာရာဇ ထိုသူသည် မိမိ၏ စပါးကျီတွင်
စပါးပြည့်နေတော့မည်မဟုတ်ကြောင်းကို သိပါမည်လော ''

'' သိနိုင်ပါ၏ ဘန္ဒေ ''

'' အသို့သိနိုင်မည်နည်း မဟာရာဇ ''

'' ဘန္ဒေ စပါးကျီပြည့်ခြင်းအကြောင်း အထောက်အပံ့ မရှိသောကြောင့် ဖြစ်ပါ၏ ''

'' မဟာရာဇ ထို့အတူ ပဋိသန္ဓေနေခြင်းအကြောင်း အထောက်အပံ့မရှိသောကြောင့်
ထိုသူသည် မိမိပဋိသန္ဓေနေရတော့မည် မဟုတ်
ကြောင်း သိ၏ ''

မင်းမဟော်

ပဋိသန္ဓေ နေ - မနေ (မိလိန္ဒပဥှာ )

'' ဘန္တေ နာဂသေန သေလွန်ပြီးနောက် တဖန် ပဋိသန္ဓေ မနေသူ ရှိပါသလော ''

'' အချို့သည် နေ၍ အချို့သည် မနေ ''

'' အဘယ်သူနေ၍ အဘယ်သူ မနေသနည်း ''

'' မဟာရာဇ ကိလေသာ ရှိသူသည် တဖန် ပဋိသန္ဓေ နေ၏၊ ၊ မရှိသူသည် မနေ ''

'' ဘန္တေ သင်သည် ပဋိသန္ဓေ နေဦးမည်လော ''

'' အကယ်၍ ဥပါဒါန် ရှိသေးလျှင် တဖန် မဋိသန္ဓေ နေရဦးမည် ၊ မရှိလျှင် နေရမည် မဟုတ်ချေ ''


**** အသင့်အတင့် နှလုံးသွင်းမှု ****
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

'' ဘန္ဓေ နာဂသေန ၊ ပဋိသန္ဓေမနေသူသည် အသင့်အတင့်နှလုံးသွင်းမှု ( ယောနိသောမန သိကာရ ) ကြောင့် ပဋိသန္ဓေ မနေရခြင်းလော ''

'' မဟာရာဇ ၊ ယောနိသော မနသိကာရ ကြောင့်လည်းကောင်း ၊ ပညာဥာဏ်ကြောင့်လည်းကောင်း၊ အခြားသဒ္ဓါ စသော ကုသိုလ်
ကြောင့်လည်းကောင်း ပဋိသန္ဓေမနေရချေ ''

'' ဘန္တေ ယောနိသော မနသိကာရ သည် ပင် ပညာမဟုတ်ပါလော ''

'' မဟုတ်ပါ မဟာရာဇ တခြားစီဖြစ်၏ ။ ကျွဲ ၊ နွားစသော သတ္တ၀ါတို့အား မနသိကာရ ရှိသော်လည်း ပညာမရှိချေ ''


**** မနသိကာရ လက္ခဏာ ****
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ူ'' ဘန္တေ နာဂသေန ၊ မနသိကာရ သည် အဘယ်လက္ခဏာ ရှိပါသနည်း ၊ ပညာသည် အဘယ်လက္ခဏာရှိ ပါသနည်း''

'' မဟာရာဇ မနသိကာရသည် ရုံးစုခြင်း လက္ခဏာရှိ၏ ၊ ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာရှိ၏ ''

'' ဘန္ဒေ မနသိကာရ သည် အဘယ်သို့ ရုံးစုပြီး ပညာသည် အဘယ်သို့ ပိုင်းဖြတ်ပါသနည်း၊ ဥပမာပြတော်မူပါ ''

'' မဟာရာဇ ၊ စပါးရိပ်သူသည် လက်ဝဲလက်ဖြင့် စပါးကိုဆုပ်ကိုင် ၍ လက်ယာလက်ဖြင့် တံစဉ်ကိုကိုင်ပြီး ရိတ်ဖြတ်သကဲ့သို့
ယောဂီပုဂ္ဂိုလ်သည် မနသိကာရဖြင့် စိတ်ကို ဖမ်းယူဆုပ်ကိုင်၍ ပညာဖြင့် ကိလေသာကို ပိုင်းဖြတ်၏ ၊ မဟာရာဇ ၊`ဤ အတူ
မနသိကာရသည် စုရုံးခြင်း လက္ခဏာ ရှိ၏ ၊ ပညာသည် ပိုင်းဖြတ်ခြင်း လက္ခဏာရှိ၏ ''



ကျေးဇူးတင်စွာဖြင့်

မင်းမဟော်

ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည် ရှေးဘ၀က သူပင်လော (သို့)အခြားသူလော ''

'' ဘန္ဒေ နာဂသေန ၊ ဘ၀သစ်တွင် ပဋိသန္ဓေနေသောသူသည် ရှေးဘ၀က သူပင်လော ၊ သို့မဟုတ် အခြားသူလော''

'' မဟာရာဇ ၊ ရှေးဘ၀က သူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ''

'' ဥပမာ ပြပါဦး ဘန္ဒေ ''

'' မဟာရာဇ ၊ သင်သည် ပက်လက်အိပ်သော ကလေးသူငယ်ဖြစ်ခဲ့၏ ၊ ယခုအခါ ကြီးလာသော သင်သည် ထိုခလေးသူငယ်ပင်လော ''

'' ဘန္ဒေ မဟုတ်ပါ ၊ ယခုအခါ ကြီးလာသော ငါက တခြားဖြစ်ပါ၏။ ''

'' မဟာရာဇ သို့ဖြစ်ပါလျှင် အမိ အဖ ဟူ၍လည်းကောင်း ဖြစ်နိုင်တော့မည်မဟုတ် ၊ ဆရာသမား ၊ သီလရှိသူ ၊ အတတ်အညာတတ်သူဟူ၍လည်း ဖြစ်နိုင်တော့မည်မဟုတ် ၊ မဟာရာဇ အသို့နည်း ၊ ဘ၀အစ ကလလ ရည်ကြည်
တည်စဉ်က အမိတစ်ယောက် ၊ အမြုပ်ဖြစ်စဉ်က အမိတစ်ယောက် ၊ သားတစ် အတုံးအခဲဖြစ်စဉ်က အမိတစ်ယောက် ၊ သုငယ်ဖြစ်စဉ်က အမိတစ်ယောက် ၊ ကြီးသောအခါ အမိတစ်ယောက်ဖြစ်ပြီး အတတ်ပညာသင်ကြားသူက တစ်ယောက် ၊အတတ်ပညာတတ်သူက တစ်ယောက်ဖြစ်မည်လော၊ အခြားတစ်ယောက်က မကောင်းမှုပြု၍ အခြားတစ်ယောက်က အပြစ်ဒဏ်ခံရမည်လော ''

'' ဘန္ဒေ ၊ ထိုသို့မဖြစ်နိုင်ပါ၊ အကယ်၍ အရှင့်အား တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးခဲ့ပါလျှင် အရှင်ဘယ်သိုဖြေမည်နည်း ''

'' မဟာရာဇ ငါသည် ပက်လက်အိပ် သော ကလေးသူငယ်ဖြစ်ခဲ့ပြီး ၊ ငါသည်ပင် ယခုအခါ ကြီးရင့်၏ ၊ ဤကိုယ်ကိုသာအမှီပြုပြီး ၊ ထိုအလုံးစုံသော သူငယ်အရွယ် စသည်တို့သည် တပေါင်းတစည်းတည်းဖြစ်ကုန်၏ ''

'' ဥပမာပြပါဦး ဘန္ဒေ ''

'' မဟာရာဇ တစုံတယောက်သည် ညဥ့်ဦးက မီးထွန်းထား၏ ၊ ထိုမီးသည် တညလုံးပင် ထွန်းလင်းတောက်ပနေရာ ညဥ့်ဦးယံက မီးသည် တခြားလော ၊ သန်ကောင်ယံက မီးသည် တခြားလော ၊ မိုးသောက်ယံမီးသည် တခြားလော ''

'' မဟုတ်ပါ ဘန္ဒေ ၊ ထိုညဥ့်ဦးယံမီးကိုသာ အမှီပြု၍ တညလုံးထွန်းလင်းနေပါ၏ ''

'' မဟာရာဇ ထိုအတူပင် တရားအစဉ်အဆက်သည် ရှေ့နောက် ဆက်စက်၏ ၊ အခြားတရားတပါး ဖြစ်ပေါ်လာ၏ ၊ အခြားတရားတစ်ပါး ချုပ်ငြိမ်း၏ ၊ မရှေးမနှောင်းတစ်ပြိုင်နက်ကဲ့သို့ ရှေ့နောက်ဆက်စပ်၏ ၊ ထိုသို့ တစ်ပြိုင်နက် ကဲ့သို့ဖြစ်၍ ချုပ်ပျက်ဆက်စပ်ခြင်းကြောင့် ထိုရှေးသူလည်းမဟုတ် ၊ အခြားသူလည်းမဟုတ် ၊ ရှေးဝိညာဏ်တွင် နောက်ဝိညာဉ် ပေါင်းဆုံခြင်းဖြစ်၏ ''

'' ဥပမာ ပြပါဦး ဘန္ဒေ ''

'' ညှစ်သောနိ့သည် ကြာလျှင် နိ့ဓမ်းဖြစ်၏ ၊ နို့ဓမ်းမှ ဆီဦး ၊ ဆီဦးမှ ၊ ထောပတ်ဖြစ်၏ ၊ ယင်းနို့ပင်လျှင် နိ့ဓမ်း၊ ထင်းနို့ဓမ်းပင်ဆီဦး ၊ယင်းဆီဦးပင် ထောပတ်ဟုပြောလျှင် မှန်မည်လော ''

'' မမှန်နိုင်ပါ ဘန္ဒေ ၊ ထိုနို့ကိုအမှီပြု၍သာ နို့ဓမ်း စသည် ဖြစ်ရပါ၏ ''

'' မစာရာဇ ထို့အတူသာ ဆိုခဲ့သည့်အတိုင်း တရားအစဉ်အဆက် ရှေ့နောက် ဆက်စက်နေခြင်း ဖြစ်လေသည် ''

''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''
ကျေးဇူးတင်စွာဖြင့်
မင်းမဟော်