Saturday, May 1, 2010

တဖန် ပဋိသန္ဓေ နေမှုကို သိနိုင်ပါသလော

'' ဘန္ဒေ နာဂသေန ၊ ပဋိသန္ဓေ နေရမည်မဟုတ်သောသူသည် မိမိ၏ ပဋိသန္ဓေနေရတော့မည်
မဟုတ်ကြောင်း သိပါသလော ''

'' သိပါ၏ မဟာရာဇ ''

'' ဘယ်သို့သိပါသနည်း ဘန္ဒေ ''

'' မဟာရာဇ ပဋိသန္ဓေ နေခြင်းအကြောင်း အထောက်အပံ့ ၊ မရှိသော ကြောင့်
မိမိပဋိသန္ဓေ နေရတော့မည် မဟုတ်ကြောင်း သိပါ၏ ''

'' ဥပမာပြတော်မူပါ ဘန္ဒေ ''

'' မဟာရာဇ လယ်သမားသည် ထွန်ယက်စိုက်ပျိုး၍ သူ၏စပါးကျီကိုပြည့်စေ၏၊ ၊ သူသည်
အခါတစ်ပါးတွင် ထွန်ယက်စိုက်ပျိုးခြင်း
မပြုတော့ချေ ၊ စပါးကျီတွင်ရှိသော စပါးတို့ကို စား၍ဖြစ်စေ ၊ ပေးကမ်း၍ ဖြစ်စေ
ပြုလုပ်၏ ၊ မဟာရာဇ ထိုသူသည် မိမိ၏ စပါးကျီတွင်
စပါးပြည့်နေတော့မည်မဟုတ်ကြောင်းကို သိပါမည်လော ''

'' သိနိုင်ပါ၏ ဘန္ဒေ ''

'' အသို့သိနိုင်မည်နည်း မဟာရာဇ ''

'' ဘန္ဒေ စပါးကျီပြည့်ခြင်းအကြောင်း အထောက်အပံ့ မရှိသောကြောင့် ဖြစ်ပါ၏ ''

'' မဟာရာဇ ထို့အတူ ပဋိသန္ဓေနေခြင်းအကြောင်း အထောက်အပံ့မရှိသောကြောင့်
ထိုသူသည် မိမိပဋိသန္ဓေနေရတော့မည် မဟုတ်
ကြောင်း သိ၏ ''

မင်းမဟော်

No comments:

Post a Comment