ကမ္ဘာကြီးက သူကိုယ်တိုင်လည်နေတယ်
အချိန်တွေ၊ နေ့တွေ ၊ လတွေ ၊ ရက်တွေဟာ အချက်ကျကျ လှုတ်ရှားသက်ဝင်နေခဲ့တယ်
ကံကျမ္မာရယ်..
ကိုယ် .. မမြင်နိုင်တဲ့ အခြားတဖက်မှာ ချစ်သူရှိနေတယ်
သစ်ရွက်တွေ ပင်ယံထက်က ကြွေကျနေတယ်..
မော့ကြည့်လိုက်ရင် အပေါ်မှာ သူ့ရဲ့ ညှာတံလေးတွေကိုယ်စီ ရှိနေရမယ်....
သစ်ပင်အိုကြီးရယ်
သူ့ကို ကမ္ဘာမြေကြီးက တွဲလဲ ချိပ်ထားပေးမယ်
ငါးလေးတွေရယ်
ရေမှာကူးတယ်
တစုံတရာဟာ
ကြယ်တွေ ကြွေအောင် ပြုလုပ်ပေးနေတယ်
ချစ်သူ
သူရှိရင် လဲ ရှိမယ်..
သူ မရှိသည် လည်း ရှိရင် ရှိမယ်...
တစုံတရာ ကတော့
သေသေချာချာ ရှိနေခဲ့တယ်...
တစုံတရာကို
ကျေးဇူးတင်ပါတယ်......
ဂျွန်မိုး(ဆေးတက္ကသိုလ်)
Saturday, May 1, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment