Saturday, May 1, 2010

ပဋိသန္ဓေ နေ - မနေ (မိလိန္ဒပဥှာ )

'' ဘန္တေ နာဂသေန သေလွန်ပြီးနောက် တဖန် ပဋိသန္ဓေ မနေသူ ရှိပါသလော ''

'' အချို့သည် နေ၍ အချို့သည် မနေ ''

'' အဘယ်သူနေ၍ အဘယ်သူ မနေသနည်း ''

'' မဟာရာဇ ကိလေသာ ရှိသူသည် တဖန် ပဋိသန္ဓေ နေ၏၊ ၊ မရှိသူသည် မနေ ''

'' ဘန္တေ သင်သည် ပဋိသန္ဓေ နေဦးမည်လော ''

'' အကယ်၍ ဥပါဒါန် ရှိသေးလျှင် တဖန် မဋိသန္ဓေ နေရဦးမည် ၊ မရှိလျှင် နေရမည် မဟုတ်ချေ ''


**** အသင့်အတင့် နှလုံးသွင်းမှု ****
'''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

'' ဘန္ဓေ နာဂသေန ၊ ပဋိသန္ဓေမနေသူသည် အသင့်အတင့်နှလုံးသွင်းမှု ( ယောနိသောမန သိကာရ ) ကြောင့် ပဋိသန္ဓေ မနေရခြင်းလော ''

'' မဟာရာဇ ၊ ယောနိသော မနသိကာရ ကြောင့်လည်းကောင်း ၊ ပညာဥာဏ်ကြောင့်လည်းကောင်း၊ အခြားသဒ္ဓါ စသော ကုသိုလ်
ကြောင့်လည်းကောင်း ပဋိသန္ဓေမနေရချေ ''

'' ဘန္တေ ယောနိသော မနသိကာရ သည် ပင် ပညာမဟုတ်ပါလော ''

'' မဟုတ်ပါ မဟာရာဇ တခြားစီဖြစ်၏ ။ ကျွဲ ၊ နွားစသော သတ္တ၀ါတို့အား မနသိကာရ ရှိသော်လည်း ပညာမရှိချေ ''


**** မနသိကာရ လက္ခဏာ ****
''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''

ူ'' ဘန္တေ နာဂသေန ၊ မနသိကာရ သည် အဘယ်လက္ခဏာ ရှိပါသနည်း ၊ ပညာသည် အဘယ်လက္ခဏာရှိ ပါသနည်း''

'' မဟာရာဇ မနသိကာရသည် ရုံးစုခြင်း လက္ခဏာရှိ၏ ၊ ပညာသည် ပိုင်းဖြတ်ခြင်းလက္ခဏာရှိ၏ ''

'' ဘန္ဒေ မနသိကာရ သည် အဘယ်သို့ ရုံးစုပြီး ပညာသည် အဘယ်သို့ ပိုင်းဖြတ်ပါသနည်း၊ ဥပမာပြတော်မူပါ ''

'' မဟာရာဇ ၊ စပါးရိပ်သူသည် လက်ဝဲလက်ဖြင့် စပါးကိုဆုပ်ကိုင် ၍ လက်ယာလက်ဖြင့် တံစဉ်ကိုကိုင်ပြီး ရိတ်ဖြတ်သကဲ့သို့
ယောဂီပုဂ္ဂိုလ်သည် မနသိကာရဖြင့် စိတ်ကို ဖမ်းယူဆုပ်ကိုင်၍ ပညာဖြင့် ကိလေသာကို ပိုင်းဖြတ်၏ ၊ မဟာရာဇ ၊`ဤ အတူ
မနသိကာရသည် စုရုံးခြင်း လက္ခဏာ ရှိ၏ ၊ ပညာသည် ပိုင်းဖြတ်ခြင်း လက္ခဏာရှိ၏ ''



ကျေးဇူးတင်စွာဖြင့်

မင်းမဟော်

No comments:

Post a Comment